Lean HR, Agile HR

မြန်မာပြည်မှာ Drupal ကို သုံးပြီး လုပ်ငန်းလုပ်နေတဲ့ Web Development လုပ်ငန်းတွေ အတော်များများရှိပြီး၊ သူတို့တွေနဲ့လည်း ရင်းနှီးနေတာမို့ စင်ကာပူကနေ ပြန်လာတော့ ပြည်တွင်းမှာ ရှိပြီးသား လုပ်ငန်းတွေနဲ့ ပြိုင်ဘက်မဖြစ်ဘဲ၊ လိုအပ်ရင် အကျိုးတူ ပူးပေါင်း အလုပ်လုပ်လို့ ရအောင် Cloud နဲ့ Cloud + Drupal ပေါင်းလုပ်လို့ ရတဲ့ အလုပ်တွေပဲ ဦးစားပေး လုပ်ဖြစ်ခဲ့တယ်။

တစ်ဖက်မှာလည်း ကိုယ့်ရဲ့ MyanNet.com Team က Virtual Team ဖြစ်နေသလို၊ အကောင်အထည်ပြစရာ ရုံးခန်းလည်း မရှိတဲ့အတွက် လူမြင်ရမှ၊ ရုံးခန်းရှိမှ အလုပ်လုပ်မယ်ဆိုတဲ့သူတွေနဲ့ ဘာ ပရောဂျက်မှ မလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်လုပ်ငန်းတွေ၊ ပရောဂျက်တွေကို လူသိအောင်လုပ်တာ Marketing လုပ်တာမျိုးတွေ မလုပ်ဖြစ်ခဲ့ဘူး။

ဒါပေမယ့် အကျိုးအကြောင်းတိုက်ဆိုင်လို့ ကိုယ့်ဆီကို ရောက်လာတဲ့လုပ်ငန်းတွေနဲ့တော့့ ရေစက်ပါလို့ ဆုံကြရတယ်၊ အတူတူ အလုပ်လုပ်ခွင့်ရတယ်လို့ သဘောထားပြီး REVO, iMyanmarHouse, rgo47, MIT စတဲ့ မြန်မာပြည်မှာ အရှိန်ရပြီးသား လုပ်ငန်းကြီးတွေနဲ့ တချို့အလုပ်တွေ အတူလုပ်ဖြစ်ခဲ့တယ်။ Winner Computer Group က WordPress Developer တွေကို Drupal အကြောင်း ကောင်းကောင်းနားလည်ပြီး အသုံးချတတ်သွားအောင် အချိန် ၂ လနီးပါးယူပြီး Project Based Drupal Training ပေးဖြစ်ခဲ့တယ်။

ကိုယ်တိုင်လည်း
- CEBSD ကဖွင့်တဲ့ Marketing Management (short course),
- KBZ Bank နဲ့ One to Watch Myanmar တို့ ပူးပေါင်းဖွင့်လှစ်တဲ့ Entrepreneurship Crash Course (Practical Accounting, Unit Economics, Business Theory, Finance & Investment) တွေ တက်ဖြစ်တယ်။

အဲလို အလုပ်တွေလုပ်ရင်း၊ သင်တန်းတွေလည်း တက်ရင်း မြန်မာပြည်ရဲ့ IT နဲ့ တခြားစီးပွားရေးလုပ်ငန်း အတော်များများမှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတာ သိလာရတယ်။ အထူးသဖြင့် လုပ်ငန်းတစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုစီတိုင်းမှာရှိတဲ့ လူတွေရဲ့ အရည်အချင်းတွေကို ပိုကောင်းလာအောင် ဆွဲတင်ဖို့ အရေးကြီးတယ် ဆိုတာ ပိုမြင်လာတယ်။ တချို့နေရာတွေမှာ မလိုအပ်ဘဲ အဆင့်တွေများနေတာ၊ အချိန်တွေ မကုန်သင့်ဘဲကုန်နေတာ၊ အိုင်တီအကူအညီနဲ့ ဖြေရှင်းပေးလို့ရတာတွေ ရှိနေလျက်နဲ့ အသုံးမချနိုင်သေးတာ၊ အသုံးချဖို့ အခွင့်အရေးမရတာ၊ တနည်းအားဖြင့် Lean, Aglie မဖြစ်တာတွေ မြင်လာရတယ်။

လောလောဆယ် ကျွန်တော်လုပ်နိုင်တာကတော့ ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်ကသူတွေ၊ ကိုယ်နဲ့တွဲပြီး အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေကသူတွေ၊ ကိုယ့်ကို အကြံဉာဏ်လာတောင်းတဲ့ သူတွေကို ကိုယ်တတ်နိုင်သလောက် Capacity Building လုပ်ပေးတာပါပဲ။

ကိုယ်နဲ့တွဲလုပ်နေတဲ့သူတွေက ကိုယ့်ထက်ပိုတော်နေမှ ကိုယ့်အတွက် ပိုသက်သာပြီး အလုပ်တွေ အမြန်ဆုံး၊ အမှန်ဆုံးနဲ့ အကောင်းဆုံး ပြီးမှာ မဟုတ်လား... <3 <3 <3
.
Facebook Post - http://fb.com/2292222764173379